စာရေးသူ

အားလုံးမြင်နိုင်ရန်
Kirsten Holmberg

ခါစတန်ဟုမ်းဘာ့ဂျ်

ခါစတန်ဟုမ်းဘာ့ဂျ် (Kirsten Holmberg) သည် စာရေးဆရာ၊ ဟောပြောပို့ချသူနှင့် နည်းပြဆရာမ ဖြစ်ပြီး ပစိဖိတ် အနောက်တောင်အရပ်၌ နေထိုင်သည်။ သူမသည် Advent with the Word: Approaching Christmas Through the Inspired Language of God စာအုပ်နှင့် သမ္မာကျမ်းစာလေ့လာခြင်းစာစောင်များကို ရေးသားခဲ့သည်။ စီးပွားရေးအဖွဲ့အစည်းများ၊ အသင်းတော်များနှင့် ရပ်ကွက်အစီအစဥ်များတွင် ဟောပြောလေ့ရှိသူတစ်ဦးဖြစ်ပြီး သူမသည် အခြားသူများကို သခင်ယေရှုထံသို့ ခြေတစ်လှမ်းပိုနီးလာအောင် တိုးဝင်ချဥ်းကပ်ရန်နှင့် ဘုရားသခင်၏နှုတ်ကပတ်တော် အားဖြင့် ကိုယ်တော်၏မေတ္တာတော်ကို ပိုသိနိုင်ရန် တိုက်တွန်းနှိုးဆော်သည်။ သူမ၏အကြောင်းကို www.kirstenholmberg.com သို့မဟုတ် Facebook၊ Twitter နှင့် Instagram (@kirholmberg) တို့တွင် ရှာဖွေဖတ်ရှုနိုင်ပါသည်။

စာမူ/ အကြောင်းအရာ များ ခါစတန်ဟုမ်းဘာ့ဂျ်

နှစ်သိမ့်ပွေ့ပိုက်ချော့မြူခြင်း

ကျွန်မ၏မိတ်ဆွေသည် ၄ ရက်သားလေးသာ ရှိသေးသည့် သမီးလေးအား ထွေးပိုက်ခွင့်ကို ကျွန်မအား စိတ်ချလက်ချပေးခဲ့သည်။ ကလေးကို ပွေ့ချီလိုက်ပြီး မကြာမီမှာပင် သူလေးက စပြီး အလိုမကျဖြစ်လာသည်။ သူ့ကို ပိုပြီး နီးနီးကပ်ကပ်ဖြင့်ကျွန်မ၏ပါးနှင့် သူ့ခေါင်းလေးကိုဖိကာ လက်ပေါ်၌ လွဲပေးပြီး သူ့ကို ချော့မြူရန် ညင်သာစွာ သီချင်းညည်းဆိုပေးသည်။ ၁၅ နှစ်မျှ ကလေးထိန်းခဲ့သည့် အတွေ့အကြုံနှင့် စိတ်အားထက်သန်စွာ ကြိုးစားပါသော်လည်း သူ့ကို မချော့သိပ်နိုင်ခဲ့ပါ။ နောက်ဆုံး သူ့မိခင်၏လက်ထဲသို့ ပြန်မထားမချင်း သူ့ခမျာပို၍ပို၍ သောကများလာသည်။ သည့်နောက် သူ့မိခင် ထံသို့ ပြန်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ငြိမ်သက်ခြင်း လွှမ်းမိုးသွားသည့်အလား ငိုသံတိတ်သွားပြီး မွေးကင်းစ ကလေးငယ်မှာ သူစိတ်ချယုံကြည်သူ၏လက်၌ စိတ်သက်သာရာ ရသွားတော့သည်။ ကျွန်မ၏မိတ်ဆွေမှာ သူ့သမီးလေးကို မည်သို့ပွေ့ဖက်ရမည်၊ သူ့စိုးထိတ်မှုတို့ လျော့သွား အောင် မည်ကဲ့သို့ ဖွဖွလေး ပုတ်ပေးရမည်ကို တိတိကျကျ သိပေသည်။…

လက်ချောင်းများကြားမှ ယိုဖိတ်သွားခြင်း

စားသောက်ဆိုင်၌ စားပွဲပေါ်မှ အအေးခွက်ကို မတော်မဆတိုက်မိပြီး ဖိတ်ကျသွားရာ     စားပွဲစောင်းမှတစ်ဆင့် ကြမ်းခင်းအထိပါ အအေးများ စွန်းထင်းကုန်သည်။ ရှက်ရှက်ဖြင့် အအေးများကို လက်ခုပ်ဖြင့် လိုက်ခံနေသေးသည်။ ကျွန်မ၏ ကြိုးစားအားထုတ်မှုသည် အချည်းအနှီးပင်၊ အအေးများက လက်ချောင်းများကြားမှ ယိုဖိတ်ကုန်သည်။ အဆုံးတွင် ကျွန်မ၏လက်ခုပ်တွင် မဆိုစလောက် အအေးသာကျန်ပြီး ခြေထောက်မှာမူ အချိုရည်ထဲ နှစ်နေပါသည်။
ကျွန်မ၏ဘ၀နေ့ရက်များစွာတွင်လည်း ဤကဲ့သို့ ထူးမခြားနား ခံစားရသည်။ ကျွန်မသည် ပြဿနာများ ဖြေရှင်းရန်၊ တစ်ခုခုကို အသေးစိတ်စီမံကွပ်ကဲရန်၊ အခြေအနေ
များကို ချုပ်ကိုင်ရန် စသည့်အမှုကိစ္စများနှင့်သာ ပျားပန်းခတ် နေကြောင်း ကျွန်မကိုယ်ကျွန်မ  မြင်မိပါသည်။ ကျွန်မ မည်မျှပင် ကြိုးစားနေပါစေ၊ အားနည်းသော လက်အစုံက ကိစ္စတိုင်းကို စီမံခန့်ခွဲရန် မစွမ်းဆောင်နိုင်ပါ။ ကျွန်မ လက်နှင့်လွတ်ပြီး ကျွန်မမလုပ်နိုင်သောကိစ္စများကြောင့် ကျွန်မ အစဉ် စိုးရိမ်ကြောင့်ကြ ခဲ့ရသည်။ လက်ချောင်းများကို မည်မျှပင်…

ခြံစည်းရိုးကို မထိနဲ့

ကျွန်မငယ်စဉ်က လယ်တောအနီးအနားတွင် နေထိုင်သည့် ဘွားဘွားကြီးအိမ်သို့ မိဘ များနှင့် သွားလည်ခဲ့သည်။ အဘွား၏ခြံစည်းရိုးကို လျှပ်စစ်စည်းရိုးဖြင့် ကာရံထားသည်။ သူ့ခြံထဲ နွားများ မ၀င်အောင် ကာကွယ်ထားခြင်းဖြစ်သည်။ မိဘများအား အပြင်ထွက် ကစား၍ ရမလားဟု ခွင့်တောင်းရာ မိဘက ခွင့်ပြုပါသည်။ သို့သော် ‘‘ခြံစည်းရိုးကိုတော့ သွားမထိနဲ့၊ ဓာတ်လိုက်မယ်’’ ဟု မှာလိုက်သည်။
သို့သော် မိဘ၏ သတိပေးမှုကို လျစ်လျူရှုပြီး လျှပ်စစ်သံဆူးကြိုးခက်ကို ကိုင်မိသဖြင့် နွားတစ်ကောင် လန့်သွားရုံ ဗို့အားရှိသည့် ဓာတ်လိုက်သည့်ဒဏ်ကို ခံလိုက် ရသည်။ မိဘများက ကျွန်မကို ချစ်သောကြောင့် မထိခိုက်စေ ချင်သောကြောင့် သတိပေးခြင်းဖြစ်ကြောင်း ကျွန်မသိလိုက် သည်။
ယေရုရှလင်မြို့ရှိ ဣသရေလလူမျိုးတို့သည် ရုပ်တုများ သွန်းလုပ်ကိုးကွယ်နေခြင်းကို ဘုရားသခင် တွေ့ သောအခါ ‘‘ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် မိမိလူမျိုးနှင့် မိမိနေတော်မူရာအရပ်ကို သနားသောကြောင့်…